Get Karen Font
Online user(s) :

14 November 2009

မိန်းမတယောက်ရဲ့ ရင်ဘတ်ထဲက တောင့်တချက်များ



မိန်းမတယောက်ရဲ့ ရင်ဘတ်ထဲက တောင့်တချက်များ

ငါလိုချင်တာ

သ၀န်တိုမှုတွေနဲ့ ပူလောင်နေတဲ့အချစ်မျိုးမဟုတ်

နားလည်မှုတွေနဲ့ ဖေးမကူညီမဲ့အချစ်မျိုး။

ငါတောင့်တတာ

နှုတ်ခမ်းပေါ်မှ ပူလောင်တဲ့အနမ်းမီးများမဟုတ်

နဖူးပေါ်မှ ကြင်နာအေးမြသောအနမ်းများ။

ငါပိုင်ဆိုင်ချင်တာ

တားမြစ်မှုများနဲ့ ကန့်သတ်ချုပ်ချယ်တဲ့အိမ်ထောင်မဟုတ်

အပြန်အလှန် ဖေးမကူညီမဲ့ ဘ၀ဖော်။

ဒါတွေအားလုံးသာ

ဖြစ်ခွင့်ရှိမယ်ဆိုရင်

ငါဟာ

ကံအကောင်းဆုံးမိန်းမထဲက မိန်းမ

အပျော်ရွှင်ဆုံးမိန်းမထဲက မိန်းမ

မိန်းမတယောက်ရဲ့ ရင်ဘတ်ထဲက

အစစ်အမှန်ကို ပိုင်ဆိုင်နိုင်တဲ့

မိန်းမတယောက်ဖြစ်မှာပေါ့။

_____________________


ဖိုးထူးထူး ထူးဘီ

0 comments:

Justice
Freedom

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP