Get Karen Font
Online user(s) :

14 November 2009

အတိတ်ညနေခင်းလေး




အတိတ်ညနေခင်းလေး

ညနေခင်းရောက်တိုင်း

ငှက်ကလေးတွေ

တေးသီချင်းသီရင်း

အိပ်တန်းဝင်ချိန်

အသိုက်အသီးသီးထံ

ပျော်ရွင်စွာ

မြူးတူး ပျံသွားချိန်။

လွယ်အိတ်ကလေးလွယ်ပြီး

ငါကြိုက်တတ်တဲ့

ညနေစောင်းသီချင်းလေး

ပျော်ရွင်စွာ ဆိုရင်း

အမေ့လက်ကိုတွဲပြီး

ဘယ်မှာမှန်းမသိတဲ့

တညတာ

အိပ်စက် နားခိုရမယ့်နေရာကို

ငါရှာဖွေခဲ့ရတယ်။

ပူပင်စရာနဲ့

မဆိုင်တဲ့

အရွယ်ကထဲက

အမေ ဘယ်မှာ

အမ ဘယ်မှာ

မောင်လေး ဘယ်မှာ

ဘယ်သူနဲ့

ဘယ်နေရာမှာ

အိပ်ရလဲဆိုတာကို

ငါတွေးရင်း ပူတတ်ခဲ့တယ်။

ညနေခင်းတိုင်းဟာ

ငါချစ်တဲ့သူတွေနဲ့

ကွဲကွာစေတယ်လို့

သိတဲ့အချိန်မှာ

ညနေခင်းတွေကို

ငါမုန်းတီးတတ်လာတယ်။

ဒီလိုနဲ့

ကြင်နာတတ်သူတွေရဲ့

ရင်ခွင်ထဲမှာ

ညအိပ်ရာဝင်

ပုံပြင်များ

နားထောင်ရင်း

ငါအိပ်ပျော်တတ်ခဲ့တယ်။

ဒါပေမဲ့

ငါချစ်တဲ့ မေမေရဲ့

ပုံပြင်များကို

နားထောင်ရင်း

အိပ်ပျော်သွားချင်တဲ့

ဆန္ဒကိုတော့

မျှော်လင့်တောင့်တ်နေဆဲပေါ့်။

ငါ့မိသားစု

ဖြိုခွဲသူဟာ

လှပတဲ့

ညနေခင်း မဟုတ်

ရက်စက်ကြမ်းကြုတ်တဲ့

လူတစုလို့

သိရတဲ့အချိန်။

ညနေခင်းတိုင်း

လှပစေဖို့

ငါပခုံးလွဲ

တာဝန်ယူလိုက်တဲ့အချိန်ပါပဲ။

_________________


ဖိုးထူးထူး ထူးဘီ

0 comments:

Justice
Freedom

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP